အရူးမသားအမိ (အမေ နဲ့ သား အင်းစက်)
အရူးမသားအမိ (အမေ နဲ့ သား အင်းစက်) “ဟျောင့် မောင်မျိုး မင်းအမေစိတ်ဖောက်နေ လို့ကွ ကမ်းနားကစက်လှေပျက်ဘက်ကို ပြေးသွားတာတွေ့လို့ငါလာပြောတာ “ဟေ လာပြီ လာပြီ ကျေးဇူးပဲသန်းဝင်းရာ ငါ ဆရာ့ကိုပြောလိုက်အုန်းမယ်” “သွားသွား မောင်မျိုး ငါကြားတယ် ” “ဟုတ်ကဲ့ပါဆရာ အမေနဲ့ခက်ပါတယ်ဗျာ” “သေချာသာချော့ခေါ ်ခဲ့မောင်မျိုးရေ” “ဟုတ်ဆရာ လာသန်းဝင်း သွားစို့” အမေလေစိတ်ဖောက်ပြီဆိုကမ်းနားက စက်လှေပျက်ကိုသွားတော့တာပဲ။အဖေ သေပြီးကတည်းကဆိုပါတော့။အဖေ ငါးဖမ်းစက်လှေမှောက်တဲ့အထဲပါပြီး ဆုံးသွားကတည်းကအမေလည်း စိတ်ဖောက်တော့တာပဲ။အမြဲတော့မဟုတ်။ တစ်လနှစ်ခါလောက်တော့ပုံမှန်ပဲ။သူများလို မဆိုးပေမယ့် ယဉ်ယဉ်လေးနဲ့ရူးနေတယ်ပဲ ဆိုပါတော့။ဆေးရုံပြပြီးဆေးတိုက်ပေမယ့် စိတ်ရောဂါမို့သက်သာရုံသက်သာသည်။ အကြောင်းတစ်ခုခုကြောင့်ပြန်ကောင်း လာနိုင်သလို တစ်သက်လုံးလည်းရူးသွား နိုင်တယ်တဲ့။သာမန်အချိန်ဆိုလူကောင်း အတိုင်းပါပဲ။စိတ်ဖောက်ပြီဆို စက်လှေပျက် ထဲသွားထိုင်နေတော့တာ။ပင်လယ်ဘက်ကို ငေးကြည့်ပြီးအဖေပြန်အလာကိုစောင့်နေ တတ်တယ်။အမြဲမနည်းချော့ခေါ ်ပြီးပြန်လာ ရတာ။ကျနော်ကအဖေနဲ့ချွတ်စွပ်တူတော့ နည်းနည်းတော်သေးတယ်။အဖေ့လို ဟန်ဆောင်ပြီးပြောဆိုချော့မော့ပြီးပြန်ခေါ ...

Comments
Post a Comment